မိတ်ကပ်လိမ်းခြယ်ရာမှာ မှားတတ်တဲ့အမှားများ

မိတ်ကပ်ပြင်ဆင်တယ် ဆိုတာကတော့ မိန်းကလေးတိုင်းရဲ့ နေ့စဉ် လူနေမှု ဘဝမှာ အရေးပါတဲ့အရာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ အဓိက မိတ်ကပ်ပြင်ရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြင့်မားအောင်နဲ့ ပင်ကိုယ်အလှကို ပေါ်လွင်အောင် ပြင်ဆင်လိုက်တာပဲ ဖြစ်တာကြောင့် မိတ်ကပ်လိမ်းခြယ်နည်းကို မှန်ကန်အောင် လိမ်းခြယ်တတ်ဖို့ လိုအပ်ပါတယ်။ အခု ပြောပြပေးမှာကတော့ မိတ်ကပ်လိမ်းခြယ်တဲ့အချိန်မှာ မှားတတ်တဲ့အမှားများဖြစ်ပါတယ်။ ဒီအမှားလေးတွေကတော့ သတိ မပြုလိုက်ပဲ ပြုလုပ်မိတာမို့လို့ မိတ်ကပ်ကို လှသင့်သလောက် မလှတာမျိုးကို ဖြစ်ပေါ်တတ်စေတာမို့ ရှောင်ရှားရမယ့် အချက်များပါ။

မိတ်ကပ် အောက်ခံကို မျက်နှာ အသားအရေမှာ တိုက်ရိုက်လိမ်းခြယ်လိုက်တာမျိုး ကို ရှောင်ပါ။ မျက်နှာ အသားအရေဆိုတာကတော့ သိပ်ကို နူးညံ့တဲ့အပိုင်းပဲ ဖြစ်ပါတယ်။ မိတ်ကပ် စလိမ်းတဲ့အချိန်မှာ အောက်ခံမိတ်ကပ်ကို မျက်နှာမှာ တိုက်ရိုက်လိမ်းခြယ်လိုက်တာမျိုးကို မပြုလုပ်ရပါဘူး။ မျက်နှာမှာ တိုနာဖြစ်ဖြစ် နို့ရည်ဖြစ်ဖြစ် တစ်ခုခုကို အရင်လိမ်းပြီးမှ မိတ်ကပ်အောက်ခံကို လိမ်းပေးပါ။ ဒါဆိုရင် မျက်နှာ အသားအရေကို မထိခိုက်စေသလို မိတ်ကပ်သား ညီညာမှုကိုလည်း အထောက်အကူ ပေးနိုင်ပါတယ်။

Concealer ကို အသုံးပြုတဲ့အချိန်မှာလည်း အောက်ခံ မိတ်ကပ်အရောင်ထက် တစ်ဆင့် (သို့) နှစ်ဆင့်အရောင်လင်းတာကိုပဲ ရွေးချယ်ပေးပါ။ တခါတလေကျရင် အောက်ခံမိတ်ကပ်ထက် အရောင်အများကြီး ပိုလင်းတာကို ရွေးချယ်မိလိုက်တဲ့အချိန်မှာ  Concealer က မျက်နှာမှာ ရှိတဲ့အမည်းစက်တွေ အမာရွတ်တွေကို ကွယ်ပေးဖို့ထက် အဖြူကွက်ကြီးလို ဖြစ်နေတတ်စေတာမို့လို့ပါ။

ပါးနီ လိမ်းခြယ်တဲ့အချိန်မှာလည်း ပါးရိုးလေးတွေအပေါ်မှာပဲ လိမ်းခြယ်ပေးပါနော်။ ပါးရိုးတွေရဲ့ အောက်မှာ လိမ်းမိတာမျိုး၊ ပါးရိုးတွေရဲ့ အပေါ်မှာ လိမ်းမိတာမျိုးဆိုရင်တော့ သဘာဝဆန်တဲ့ ပန်းနုရောင် ပါးမို့မို့လေးတွေ အလှကို ဖန်တီးပေးနိုင်တော့မှာ မဟုတ်တဲ့အတွက်ပါ။

အခု ပြောပြပေးတဲ့အချက်လေးတွေကတော့ မိတ်ကပ်လိမ်းတဲ့ အချိန်မှာ အမှား အများဆုံး ဖြစ်တတ်တဲ့အချက်လေးတွေပဲ ဖြစ်တာမို့လို့ မိန်းကလေးတို့ မိတ်ကပ်ပြင်ဆင်တဲ့အချိန်မှာ ဒီအချက်လေးတွေကို သိထားပေးမယ်ဆိုရင်တော့ မိတ်ကပ်လိမ်းပြီး မလှမှာ မစိုးရိမ်ရတော့ဘူးနော်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password