Year of Pig အတွက် ထုတ်လုပ်လိုက်တဲ့ Etude House ရဲ့ Happy With Piglet Collection

2019 ခုနှစ်က တရုတ်ရိုးရာနှစ်တွေအရဆိုရင် Year of Golden Pig ဆိုတာ အားလုံးလည်းအသိဖြစ်မှာပါ။ ဒါကြောင့် နှစ်တိုင်း Chinese zodiac animal အရုပ်လေးတွေနဲ့ collection ထုတ်နေကြ Etude house က ဒီတစ်ခါလည်း Happy with Piglet Collection ဆိုပြီး Winnie The Pooh ထဲက ဇာတ်ကောင်ပုံလေးတွေနဲ့ ထုတ်လိုက်ပြန်ပါပြီမို့ ဘယ်လိုပစ္စည်းလေးတွေဖြစ်မလည်းဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒီ collection လေးမှာ makeup item တွေအပြင် makeup accessories လေးတွေပါ ပါဝင်တာကြောင့် ပျိုတို့အနေနဲ့ စိတ်ကျရွေးချယ်နိုင်ပါတယ်။ ဒီ collection မှာပါဝင်တဲ့ပစ္စည်းတွေကတော့-

၁။ Happy with Piglet Jelly Mousse Blusher – ဒီ blusher လေးတွေကို အရောင် ၅မျိုးနဲ့ထုတ်ထားပြီးတော့ ပန်းရောင်နဲ့လိမ္မော်ရောင်လေးတွေအများဆုံးပါဝင်ပါတယ်။

၂။ Happy with Piglet Color in Liquid Lips Air Mousse – ဒီ Air Mousse Tint လေးတွေကတော့ ဒီနှစ်ရဲ့ trend ဖြစ်တဲ့ coral ဆန်တဲ့ လိမ္မော်ရောင်လေးတွေအများဆုံးတွေ့ရပါတယ်။ နူးညံ့ပြီးအရမ်းကိုပေါ့ပါးတဲ့ texture ရှိတာကြောင့် ဆိုးလို့ကောင်းမှာတော့ အသေအချာပါပဲ။

၃။ Happy with Piglet Look At My Eyes Café – ပန်းရောင်၊ အညိုရောင်နဲ့ လိမ္မော်ရောင် သုံးမျိုးရှိတဲ့ ဒီ eyeshadow လေးတွေက နေ့စဉ်သုံးဖို့အဆင်ပြေစေမှာပါ။

၄။ Happy with Piglet Look At My Eyes Jewel – အပေါ်ကဖော်ပြပေးခဲ့တဲ့ eyeshadow နဲ့မတူတာကတော့ ဒီ eyeshadow လေးတွေက glitter ပါတာကြောင့် bling bling look ကိုကြိုက်တဲ့သူတွေအနေနဲ့ ရွေးချယ်သင့်တဲ့ eyeshadow တွေပဲဖြစ်ပါတယ်။ အရောင်ကတော့ ၇မျိုးရှိတာကိုတွေ့ရပါတယ်။

၅။ Happy with Piglet Face Blur – ရေဓါတ်ကိုဖြည့်ပေးပြီး မျက်နှာအသားအရေကို ချောမွေ့စေလို့ Etude House ရဲ့လူကြိုက်များတဲ့ item လေးဖြစ်တဲ့ face blur cream လေးကိုမှ Piglet ပုံလေးနဲ့ထုတ်လုပ်ထားတာပါ။

၆။ Happy with Piglet Face Liquid Blur – Makeup Base အနေနဲ့ အသုံးပြုနိုင်တဲ့ ဒီ item လေးကတော့ လိမ်းလိုက်တာနဲ့ မျက်နှာကိုချယ်ရီပန်းလေးလို ပန်းသွေးရောင်လေးသန်းစေမှာပါလို့ ဆိုပါတယ်။

၇။ Happy with Piglet Moistfull Collagen Skin Care Set – Toner နဲ့ Emulsion ပါဝင်တဲ့ ဒီ set လေးကလည်း Etude House ရဲ့နာမည်ကြီး Moistful Collagen Series ကမို့အကြိုက်တွေ့မှာသေချာပါတယ်။

၈။ Happy with Piglet Soonjung Skin Care Set – ဒီ Soonjung Skin Care Set ကလည်း ခုနောက်ပိုင်း လူကြိုက်များလာတဲ့ Soonjung Toner နဲ့ Emulsion တို့ပါဝင်တဲ့ set လေးဖြစ်တာကြောင့် အကြိုက်တွေ့ကြဦးမှာပါ။

ကျန်တဲ့ accessories တွေကတော့ piglet pouch, eyeshadow brush, blusher brush စတဲ့ပစ္စည်းမျိးစုံပါဝင်ပြီး ပစ္စည်းအားလုံးကိုလည်း Piglet ပုံလေးတွေနဲ့လုပ်ထားတာမို့ အရမ်းကိုချစ်ဖို့ကောင်းတာကြောင့် နှစ်ကူးအတွက်ဖော်ပြလိုက်ရပါတယ်။

image references : www.instagram.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password