ယောဂ ကျင့်ပေးခြင်းကနေ ရရှိနိုင်မယ့် အလှအပအတွက် ကောင်းကျိုးများ

ကိုယ်လက် လေ့ကျင့်ခန်းတွေထဲက တစ်ခု ဖြစ်တဲ့ယောဂ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးတာကတော့ ကျန်းမာရေးအတွက် သာမကဘဲ အလှအပအတွက်ပါ ကောင်းကျိုးတွေ အများကြီး ပေးစွမ်းနိ်ုင်ပါတယ်။ ယောဂ လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ကြာ ပြုလုပ်ပေးတာကနေ ရရှိနိုင်မယ့် ကောင်းကျိုးတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို Cosmetic Myanmar ကနေ ပြောပြပေးချင်ပါတယ်။

သွေးလေ လည်ပတ်မှု့ကို ညီညွှတ်စေတဲ့ပြီး ကိုယ်ခန္ဓာမှာ ရှိတဲ့မကောင်းတဲ့အရာတွေကို ချွေးအဖြစ် အညစ်အကြေးတွေ အဖြစ် မှန်မှန် ထုလတ်လွှတ်ပေးတဲ့အတွက် အသားအရေကို ကြည်လင် လှပစေနိုင်ပါတယ်။

အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေ အိုမင်း ရင့်ရော်မှုတွေကိုလည်း လျှော့ချပေးနိုင်ပါသေးတယ်။ လေ့ကျင့်ခန်း ပြုလုပ်ပေးတာကတော့ လန်းဆန်းတက်ကြွစေနိုင်သလို ကိုယ်တွင်းက အရာတွေကိုလည်း လှုပ်ရှားမှု ပြုလုပ်ပေးတဲ့အတွက် အိုမင်းမှုတွေကို နှေးကွေးစေနိုင်တဲ့အတွက်ပါ။

ဝက်ခြံ ဖြစ်ပွါးမှုကိုလည်း တားဆီးပေးသလို အသားအရေကိုလည်း ပိုမို ချောမွေ့ လှပစေလာနိုင်ပါတယ်။ ယောဂကျင့်တာကလည်း ချွေးထွက်စေတဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေ ထဲက တစ်ခု ဖြစ်တဲ့အတွက် ချွေးများများ ထွက်တာကတော့ ချွေးပေါက်လေးတွေမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်စေနိုင်တဲ့အတွက်ပါ။ ဝက်ခြံဆိုတာကလည်း ချွေးပေါက်လေးတွေမှာ အညစ်အကြေးတွေ ပိတ်ဆို့ရာက ဖြစ်ပေါ်လာတတ်တဲ့အရာမို့လို့ ယောဂ မှန်မှန်ကျင့်ပေးတာကလည်း ဝက်ခြံ ဖြစ်မှုကို လျော့နည်းလာစေနိုင်ပါတယ်။

ကိုယ်ခန္ဓာကိုယ် ကျစ်လစ် လှပစေနိုင်ပါတယ်။ ယောဂ မှန်မှန် ကျင့်ပေးတာကတော့ ကိုယ်တွင်းမှာ ရှိတဲ့အဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေနိုင်တဲ့အတွက် ကိုယ်လုံးလေးက အဆီပင်းစင်ပြီး ကျစ်လစ် လှပလာစေနိုင်ပါသေးတယ်။

 

တစ်နေ့ကို နာရီဝက်လောက် အချိန် ပုံမှန်ပေးပြီး ယောဂ ကျင့်ပေးတာကတော့ ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ တခြားအရာတွေကို အထူးတလည် ပြုလုပ်ပေးစရာ မလိုလောက်တဲ့အထိ ပြည့်စုံသွားစေမယ့် ကောင်းကျိုးတွေကို အများကြီး ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ယောဂ မှန်မှန် ကျင့်ပေးပါလို့ တိုက်တွန်းရင်း ယောဂကျင့်ပေးခြင်းကနေ ရရှိနိုင်မယ့် ကောင်းကျိုးလေးတွေကို ပြောပြပေးလိုက်ရပါတယ်။

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password