လက်ရောခြေထောက်ရော မရှိပေမယ့် မိတ်ကပ်ပြင်ဆင်တာကြီးကတော့အကြမ်းကြီး

မိတ်ကပ်ပြင်ဆင်မှုဆိုတာမိန်းကလေးတိုင်းအတွက် နေ့စဉ်ဘဝမှာမပါမဖြစ်ပါဝင်သင့်တဲ့အရာတစ်ခုပါ။ မိတ်ကပ်လိမ်းတာဝါဿနာမပါဘူးဆိုရင်တော့ နှုတ်ခမ်းနီလေး ပေါင်ဒါလေးတော့ပုတ်တတ်ကြတာပဲလေ။ မိတ်ကပ်ပြင်တတ်ချင်လို့ youtube vidoes တွေကြည့်, make up blogger တွေလိုက်ကြည့်နဲ့ လေ့လာနေရတာပဲလေ။ လှချင်တာကိုးနော်။  အခုလည်း bloggers တွေအများကြီးရှိတဲ့အထဲမှာမှ သူလေးကတော့ သူများတွေနဲ့လုံးဝမတူပဲဝိုးကနဲ ဖြစ်သွားစေလောက်တဲ့ကောင်မလေးနဲ့မိတ်ဆက်ပေးချင်တာပါ။

သူလေးကတော့ Isabelle Weall ပါ။ Youtube မှာ subscribers 9 သောင်းကျော်ရှိတဲ့ youtube star လေးပါ။ အသက် ၁၅ နှစ်သာရှိသေးတဲ့ဒီကောင်မလေးကတော့ တကယ့်ကိုစိတ်ဓါတ်ကြံ့ခိုင်တယ်လို့ပဲဆိုရမှာပါ။ အသက် ၇ နှစ်မှာ meningitis  လို့ခေါ်တဲ့ ဉီးနှောက်အမြှေးရောင်ရောဂါကြောင့်ခြေထောက်ရောလက်ရော ဖြတ်ပစ်လိုက်ရတာပါ။ သူလေးကစိတ်ဓါတ်တော့တော်တော်ကြံ့ခိုင်တာပါ။ သူချစ်တဲ့ make up video လေးတွေကိုလုပ်ရင်းနဲ့ ဘဝကိုပုံမှန်လူတွေထက်တောင်ပျော်ရွှင်စွာနေထိုင်နေတာပါ။ မျက်နှာလေးကလည်း တကယ့်ကိုချစ်စရာလေးမို့သူ့ကိုမြင်လိုက်ရင်ကိုအရမ်းနှမြောမိတာပေါ့နော်။ ပြီးတော့သူလေးက အမြင့်ခုန်အားကစားမှာလည်း champion ဆုကိုရရှိထားတာပါ။

  

  

မျက်နှာလေးကတော့အပြစ်ပြောစရာမရှိလောက်အောင် လှပလွန်းပါတယ်။ မိတ်ကပ်ပြင်ဆင်တဲ့နေရာမှာလည်းဆရာမကြီးပါ။ ပုံမှန်လူတွေပြင်ဆင်ရင်တောင်ခက်ခဲတာတွေကိုသူကတော့အလွယ်တကူပြင်ဆင်ပြသွားတာပါ။

  

Josh လို့ခေါ်တဲ့မောင်လေးတစ်ယောက်လည်းရှိပြီးတော့ ပျော်ရွှင်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ သူလေးရဲ့ youtube video လေးတွေကိုလည်း အားပေးလိုက်ကြဉီးနော်။

ဒါလေးကတော့ IG ကမလာတာ။ ပြင်သွားတာတွေကအကြမ်းနော်။ သူ့ IG အကောင့်လေးက တော့ ဒီမှာနော် .  https://www.instagram.com/itz.izz/

Image source: https://www.instagram.com/itz.izz/

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password