မျက်တောင်တစ်ချက်အခတ်မှာ ကြွေဆင်းသွားစေနိုင်မယ့် Silk Touch Eyeshadow

ကိုရီးယားမင်းသမီးလေးများလို မျက်ခွံလေးများအထက်မှာ လှပချစ်စရာကောင်းတဲ့ အရောင်လေးများကို ဆိုးရတာနှစ်သက်တဲ့ ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာတော့ ကိုရီးယားနိုင်ငံထုတ် Eyeshadow လေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ZUREO အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး Silk Touch Eyeshadow လို့ခေါ်ပါတယ်။

ဒီ ZUREO ရဲ့ Silky Touch Eyeshadow လေးဟာ သူ့ရဲ့အမည်အတိုင်းကိုပဲ အသုံးပြုတဲ့အခါမှာ နူးညံ့ချောမွေ့တဲ့ အထိအတွေ့ကို ခံစားရရှိနိုင်စေပါတယ်။ အမှုန်ကျလွယ်ခြင်း၊ အရောင်မထင်မှာတွေ စိုးရိမ်စရာမလိုဘဲ မျက်ခွံအထက်မှာ လှပတဲ့အရောင်လေးကို လင်းလက်တောက်ပစွာ ပေးစွမ်းနိုင်ပါတယ်။ ဆိုးထားတာ ကြာလာတာနဲ့အမျှ တခြား eyeshadow များလို အရောင်ပြောင်းလဲခြင်း မဖြစ်စေဘဲ အရောင်တူတစ်မျိုးတည်းသာ ထွက်စေလို့ ပျိုမေတို့ စိတ်ကျေနပ်မှု ရရှိစေမှာပါ။

တောက်ပတဲ့ပုလဲမှုန်လေးများလည်း ပါဝင်တာကြောင့် မျက်ဝန်းလေးက တလက်လက်နဲ့ ဆွဲဆောင်မှု ရှိနေစေမှာပါ။ Clear Color Formation က အသားအရေထဲက နူးညံ့စွာ စိမ့်ဝင်ပျော်ဝင်သွားစေပြီး လှပတဲ့ မျက်ဝန်းလေးများကို တိကျတဲ့အရောင်ဖန်တီးမှုများနဲ့ ကြွရွကာ အလှတိုးစေမှာပဲဖြစ်ပါတယ်။ ပျိုမေတို့ နှစ်သက်ရာအရောင်လေးများကို ရွေးချယ်ဝယ်ယူနိုင်စေဖို့အတွက် ချစ်စရာကောင်းပြီး လူငယ်ဆန်တဲ့ အရောင်လေးများနဲ့ ထုတ်လုပ်ထားပါတယ်။

  • #01 Light Peach
  • #02 Ballerina Pink
  • #03 Sparkling Orange
  • #04 Rose Brown
  • #05 Deep Brownie

တို့ပဲ ဖြစ်ပါတယ်။

Casual Daily Look ပဲ ဆိုးဆိုး၊ ပွဲသွားပွဲလာမှာပဲ အသုံးပြုပြု အလွန်ကို အဆင်ပြေလိုက်ဖက်စေမယ့် အရောင်လေးများပဲ ဖြစ်ပါတယ်။ ဝတ်စုံနဲ့လိုက်ဖက်ညီတဲ့ အရောင်လေးများကို ရွေးချယ်အသုံးပြုပြီး မျက်တောင်ခတ်တိုင်းမှာ လှပတဲ့မျက်ဝန်းများနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးတက်လာနိုင်စေမှာပါ။

 

 

 

 

Image Source – zureocos.tradekorea.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password