ဝက်ခြံကင်းစင်ပြီး လှပတဲ့အသားရေလေးကိုရဖို့ Don`t Look At Me ကိုသုံးကြစို့

အိပ်ချိန်မမှန်သူတွေ၊ အစားသောက်ကိုဂရုစိုက်စားလေ့မရှိသူတွေ၊  နေပူထဲအထွက်များတဲ့သူတွေဟာ မျက်နှာမှာဝက်ခြံတွေ Breakout ပေါက်လေ့ရှိပါတယ်။ ဒီလိုတွေဖြစ်နေလို့ အပြင်ထွက်ရမှာ Confident မရှိဘူး၊ ဆေးခန်းပြပြန်ရင်လည်း ဝက်ခြံတွေကို ဝိုင်းညှစ် ကြမှာ၊ လေဆာနဲ့ပစ်ခံရမှာ အသားနာမှာကြောက်တာ၊ အဲ့လိုစိုးရိမ်စိတ်ရှိနေသူတွေအတွက် အရမ်းကောင်းတဲ့ Face Mask လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲဒါကတော့ LUSH ကထုတ်လုပ်တဲ့ Don`t Look At Me ဆိုတဲ့ Face Mask လေးပဲဖြစ်ပါတယ်။ Don`t Look At Me ဆိုတဲ့ Face Mask လေးကိုတော့ Brightening အတွက် အထူးထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် နေလောင်ခံထားရတဲ့မျက်နှာတွေ၊ အပူဒဏ်ကြောင့် မျက်နှာညစ်ညစ်ကြီးဖြစ်နေသူတွေအတွက် အလွန်အဆင်ပြေပါတယ်။ 2.1 oz ပါဝင်တာမလို့ မျက်နှာတစ်ခုလုံးလိမ်းမယ်ဆိုရင် ၃ခါကနေ ၅ခါအထိ သုံးနိုင်ပါတယ်။ Mask ရဲ့အရောင်လေးက ထူးထူးခြားခြား အပြာရောင်လေးပါ။ Lemon Juice, Kaolin Clay, Ground Rice, Murumuru Butter တို့အဓိကပါဝင်ပါတယ်။ Kaolin Clay ကတော့အဆီပြန်တဲ့ အသားရေတွေအတွက်ကောင်းပြီး၊ Lemon ကတော့ သဘာဝအသားရေပိုင်ရှင်များအတွက် ကောင်းပါတယ်။ Murumuru Butter မှာတော့ အကောင်းစား Anti-Aging Agents တွေပါဝင်ပါတယ်။

Source: http://www.lushusa.com/face/masks/don%27t-look-at-me/06351.html )

စစလိမ်းလိမ်းချင်းမှာတော့ မျက်နှာပေါ်တင်လိုက်တာနဲ့ သကြားလို အစိလေးတွေပါတာကို ခံစားရမှာဖြစ်ပါတယ်။ Cooling Effect ပါဝင်တာကြောင့် မျက်နှာကိုလည်း ရှိန်းတိန်းတိန်းလေးနဲ့ အေးမြစေပါတယ်။ အနံ့ကတော့ Holiday Cocktail လိုမျိုးအနံ့လေးပါ။ Cocktail နံ့ဆိုပေမယ့် Alcohol လုံးဝမပါဝင်ပါဘူး။ သံပုရာသီး၊ သကြား၊ ဆား စတာတွေရောထားတဲ့ အနံ့လေးပါ။

ဒီ Mask လေးကခြောက်လာလေလေ အပြာရောင်ပိုတောက်လာလေဖြစ်ပါတယ်။ ရေဆေးရာမှာလည်း သာမန်ရေအေးကိုသုံးခြင်းထက် Massaging လုပ်သလိုမျိုးမျက်နှာကိုနှိပ်နယ်ပေးပြီးမှ ရေနွေးနွေးလေးနဲ့ဆေးပေးရင် ရလဒ်ကောင်းကိုပိုပြီးရနိုင်ပါတယ်။ တစ်ခါလောက်သုံးရုံနဲ့တင် မျက်နှာလေးကသိသိသာသာ ဝင်းပလာမှာဖြစ်ပါတယ်။ Lemon ပါဝင်တာကြောင့် အဆီပြန်တဲ့ အသားရေပိုင်ရှင်တွေဆိုရင် သုံးပြီးတာနဲ့ မျက်နှာလေးက ဝင်းဝင်းလေးနဲ့ခြောက်ခြောက်လေးဖြစ်သွားပါတယ်။ ဒါကြောင့် အသားရေခြောက်တဲ့သူတွေဆိုရင်တော့ Mask သုံးပြီးတာနဲ့ Moisturizer ကိုနည်းနည်း Intense ဖြစ်တဲ့ ဟာလေးကို အပေါ်ကနေလိမ်းပေးဖို့ အကြံပေးချင်ပါတယ်။

Lemon ပါပေမယ့်အရမ်းအပြင်းစားကြီးမဟုတ်တဲ့အတွက် အသားရေ Sensitive ဖြစ်တဲ့သူတွေလည်းသုံးလို့ရပါတယ်။ ဒီလိုဆိုရင်တော့ ကိုယ်က ဝက်ခြံတွေထွက်ပြီး အမာရွတ်ကျန်နေလို့ပဲဖြစ်ဖြစ်၊ နေလောင်ဒဏ်ကြောင့် အသားရေညစ်ညစ်ကြီးဖြစ်လို့ စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဒီ Mask လေးကိုသုံးကြည့်ပါလို့ ပြောချင်ပါတယ်။ Information အပြည့်အစုံကိုတော့ LUSH ရဲ့ Official Website ဖြစ်တဲ့ http://www.lushusa.com/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password