ရောင်စုံနှုတ်ခမ်းသား ပိုင်ရှင်လေးတွေဖြစ်အောင် ဖန်တီးပေးမယ့် Life Lip Gloss

မြန်မာပြည်ရဲ့ အကြီးဆုံး Make Up Trend ကိုပြပါဆိုရင် Lipstick Trend ကိုပဲ လက်ညှိုးညွှန်ပြရလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်တွင်းရော ပြည်ပမှာပါ Lipstick ကို ရွေးစရာအရောင်အမျိုးမျိုး Brand အမျိုးမျိုး စျေးအမျိုးမျိုးနဲ့ ရနိုင်နေပြီဆိုတော့ အရင်ကလိုမျိုး December တို့ Shiseido တို့လောက်ပဲ ရွေးစရာရှိတဲ့ခေတ်မဟုတ်တော့လို့ အခုခေတ်လူငယ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

အခုဆိုရင် မိတ်ကပ်တွေ Skin Care တွေကို စူးစမ်းချင်တဲ့သူတွေကလည်း အရင်ကထက်များလာပြီဆိုတော့ ညီမဘက်ကလည်း 100% အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းလေးတွေကိုပဲ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့တော့ လက်ရှိ Cosmetic စျေးကွက်မှာ နေရာတစ်ခုရလာပြီဖြစ်တဲ့ Life Beauty Myanmar ကထုတ်တဲ့ Lip Gloss လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာပြည်မှာ နို့ရည်ဆိုပြီး Kanebo မှစသွင်းကတည်းက လူကြိုက်များ နှစ်သက်ခဲ့တာဖြစ်ပြီး သူ့အောက်ကခွဲထွက်ထားတဲ့ Life Brand ကိုလည်း လူအများစိတ်ဝင်စားလာကြပါတယ်။ Life Lip Gloss လေးတွေရဲ့ အဓိကစွဲဆောင်နိုင်တဲ့ အချက်ကတော့ စျေးနှုန်းပါပဲ။ တစ်ချောင်းကို ၈၉၀၀ ကျပ်ပဲကျသင့်တာမလို့ ဒါဟာ စျေးကွက်တွင်းမှာ လူတန်းစားမရွေးစမ်းကြည့်နိုင်တဲ့ အနေအထားပါ။ GL01, GL02, GL03, GL04, GL05, GL06, GL07, GL08, GL09 ဆိုပြီးအရောင် ၉ ရောင်ရနိုင်မှာဖြစ်ပြီး ၉ ရောင်စလုံးဟာလည်း ကွဲကွဲပြားပြားနဲ့ အရောင်ထွက်အား အရမ်းကောင်းပါတယ်။

နှုတ်ခမ်းသားပေါ်မှာ စေးကပ်ကပ်ကြီးဖြစ်နေတာမျိုးမရှိတဲ့အပြင် ဘူးဒီဇိုင်းမှာလည်း ရွှေရောင်ဘူးအဖုံးလေးနဲ့ ချွတ်ရတတ်ရလွယ်ကူတာမလို့ ပေးရတဲ့စျေးနဲ့တန်တယ်လို့ထင်ပါတယ်။ အရောင်တွေအနေနဲ့ကတော့ GL08 ကတော့ ကြက်သွေးရောင်လိုလို အနီရင့်လိုလိုဖြစ်ပြီး ကျန်တဲ့အရောင်တွေကတော့ ပန်းရောင်၊ အသားရောင် နဲ့ လိမ္မော်ဖက်သန်းတဲ့ အရောင်တွေဖြစ်ပါတယ်။ နောက်ပြီး ညီမ ကြိုက်တဲ့အချက်တစ်ချက်က အနံ့မပါတာပါ။ ပုံမှန်အားဖြင့် Lip Gloss ဆိုရင် အနံ့လေးနဲ့မှ ဆိုးချင်စရာလေးဆိုပေမယ့် ဘာတွေထည့်ထားမှန်းမသိတဲ့ အနံ့တွေထက်စာရင် ဘာအနံ့မှမပါတာလေးကပဲ ပို Safe ဖြစ်တယ်လို့ ခံစားရပါတယ်။ သူ့ရဲ့အဓိက အားသာချက်လေးတွေက Long Lasting ဖြစ်တာ၊ စေးကပ်မှုမရှိတာ၊ စျေးနှုန်းအသင့်အတင့်ရှိတာ စတာလေးတွေပဲဖြစ်ပါတယ်။

 

 

ကဲ Life Lip Gloss လေးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့

ရန်ကုန်မှာဆိုရင်

  • Myanmar Plaza (G19, Ground Floor, Kanebo Showroom)
  • Novotel Hotel (Ground Floor, Life Show Room)
  • ဗိုလ်ကလေးစျေး ဂမုန်းပွင့်
  • Tawwin Center (Ground Floor)
  • Junction Mawtin (Ground Floor)
  • စံရိပ်ငြိမ် ဂမုန်းပွင့် (Life Showroom)
  • ကျိုက္ကစံ Superone
  • All City Mart, Capital Market, Ocean Center, Gamone Pwint, Sein Gay Har, Beauty Diary, Mingalr Mandalay

တို့မှာ ဝယ်ယူရရှိနိုင်ပါတယ်။

မန္တလေးမှာဆိုရင် Kanebo Showroom (A2F, 77 Road, Between 31st and 32nd St) မှဝယ်ယူရရှိနိုင်မှာဖြစ်ပြီး တောင်ကြီးမှာဆိုရင်တော့ Kanebo Showroom (အမှတ် ၁၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်ကွက်) မှာဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password