သွားကျန်းမာရေးနဲ့ ခံတွင်းနံ့သင်းပျံ့စေမယ့် LUSH ရဲ့ Mouthwash Tabs လေးတွေအကြောင်း……

 

လူအများကြားမှာ အာခံတွင်းနံ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့ စိတ်မညစ်ပါနဲ့။ စားချင်တာတွေစားပြီး ခံတွင်းနံ့မကောင်းလို့ စိတ်မညစ်ပါနဲ့။ တချိူ့အစားစားတွေက သာမန်သွားတိုက်ဆေးလောက်နဲ့ တိုက်တာကို မပျောက်နိုင်ပါဘူးနော်။ ဒါပေမဲ့ မပူပါနဲ့။ LUSH ရဲ့ Mouthwash tabs လေးတွေက သင့်ကို ယုံကြည်မှုတွေပေးပါလိမ့်မယ်။

သူကတော့ ချိုချဉ်လို အခဲ(CrystaL)လေးပါ။ တစ်ခဲကို တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။ ခံတွင်းနံ့ကောင်းဖို့အတွက် အဓိက ပါဝင်တဲ့ ပစ္စည်းကတော့ ပူရှိန်းရွက်(peppermint) ရဲ့ အမှုန့်၊ အဆီအနှစ်နဲ့ အနံ့တွေပါဝင်တဲ့အတွက်ကြောင့် ခံတွင်းကိုလန်းဆန်းစေမှာ ဖြစ်ပါတယ်။ပူရှိန်းရွက်လေးတွေရဲ့ အနံ့ရော အရသာရော တစ်ပြိုင်နက် ခံစားရတော့ ခံတွင်းရော စိတ်ရော လန်းဆန်းနေစေမှာပါ။

သူ့ရဲ့အသုံးပြုပုံကတော့ mini bath bomb အခဲလေး တစ်ခဲကို ယူပြီး ပါးစပ်ထဲကို ထည့်ပေးရပါမယ်။ ပြီးရင် ရေတစ်ငုံလောက်ငုံပေးလိုက်ပါ။ အမြှုပ်လေးတွေထွက်လာပါလိမ့်မယ် အဲ့အချိန်မှာ အသံမြည်အောင် ကိုက်ပြီးဝါးပေးလိုက်ပါ။ ပြီးရင် သွားတိုက်တံလေးနဲ့ သွားတိုက်ပေးလို့ရပါပြီ။ ခဏနေရင် ထွေးထုတ်နိုင်ပါတယ်။ အနည်းငယ် အခဲသေးသေးလေးတွေ ကျန်နေရင်လည်း ဝါးပြီးထွေးထုတ်လို့ ရပါတယ်။ အားလုံးပြီးသွားရင်တော့ မိမိရဲ့ခံတွင်းနံ့ဟာ သင်းပြန့်တဲ့မွှေးရနံ့အတူ တခြား ကိုယ်နဲ့ စကားပြောသူ ဘယ်သူ့ကိုမှ အားနာစရာမလိုဘဲ ယုံကြည်မှု့ရှိရှိနဲ့ စကားပြောလို့ ရပါပြီ။

 

 

တခြားပါဝင်ပစ္စည်းတွေကြောင့်လည်း သွားကျန်းမာရေးအတွက် စိတ်ချစွာ အသုံးပြုလို့ ရပါတယ်။ ဒါလေးကို ဆောင်ထားမယ်ဆိုရင်တော့ မိမိရဲ့ သွားကျန်းမာရေး၊  အိမ်သားတွေနဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေးအတွက် စိတ်ချလို့ရသွားပါပြီ။ သွားကြောင့်ဖြစ်တတ်တဲ့ သွားပြဿနာတွေကနေ ကင်းဝေးသွားရင်တော့ မိမိရဲ့အိမ်မှာ သွားဆရာဝန်တစ်ယောက် ရှိနေတာနဲ့ တူတူပဲပေါ့နော်။

 

 

 

 

Image Source :

http://www.lushusa.com/face/teeth/crème-de-menthe/06788.html

 

 

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password