Fenty Beauty ရဲ့ Cosmetic တွေထဲက မရှိမဖြစ်ရှိကိုရှိထားသင့်တဲ့ Lipstick

Rihanna ထုတ်လိုက်တဲ့ Product တွေထဲမှာ လူကြိုက်အရမ်းများပြီး နိုင်ငံတကာ Social media မှာ လူသိများနေရာယူလာတဲ့ Product ကတော့ GLOSS BOMB Universal Lip Luminizer ဆိုတဲ့ Lipstick ဘဲဖြစ်ပါတယ်။ ဒီ Lipstick လေးကတော့ Color တစ်ရောင်ထဲသာလျှင် ထွက်ရှိသာဖြစ်ပါတယ်။ Nude Color ဖြစ်တဲ့အတွက် လူတိုင်းကြိုက်နှစ်သက်တဲ့ အရောင်လည်း ဖြစ်ပါတယ်။  Luminizer ဆိုတဲ့အတိုင်း ဘယ်သူနဲ့မှ မတူတဲ့ ထင်ကနဲလင်းကနဲဖြစ်တဲ့ တောက်ပမှု့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

     

     

GLOSS BOMB Universal Lip Luminizer လေးကတော့ Universal ဆိုတဲ့အတိုင်း တကယ်ကိုပြိုင်ဘက်ကင်း Lipstick ဖြစ်ပါတယ်။ Smooth ဖြစ်ပြီး shea butter နဲ့ပြုလုပ်ထားတဲ့အတွက် နှုတ်ခမ်းသားကို ခြောက်သွေ့မှု့မဖြစ်အောင် ကာကွယ်ပေးပါတယ်။ Eyeshadow ကို Glossy ဖြစ်တဲ့ပုံစံပြင်ချင်တဲ့အခါမျိုးပါ သုံးလို့သင့်တော်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Nude Color ဖြစ်တဲ့အတွက် မိမိကြိုက်နှစ်သက်တဲ့ အရောင်ကိုခြယ်သပြီး အပေါ်မှတထပ်အသုံးပြုပေးလို့ ရပါတယ်။

    

ကဲဒါဆိုရင်တော့မိမိကြိုက်နှစ်သက်တဲ့အရောင်လေးတွေကို Glossy Look အဖြစ် Lipstick ကိုပြောင်းလဲဆိုးချင်တာဘဲဖြစ်ဖြစ် Nude Gloss ကိုကြိုက်နှစ်သက်တာဘဲဖြစ်ဖြစ်မိမိကြိုက်နှစ်သက်တဲ့ Eyeshadow အရောင်ကို Glossy Look အဖြစ်ပြောင်းလဲချင်တဲ့အခါမျိုးမှာအသုံးပြုနိုင်တဲ့ Lipstick လေးဖြစ်တာကြောင့်ရှိကိုရှိထားသင့်ပါတယ်လို့အကြံပေးချင်ပါတယ်။

 

Image Source : https://www.fentybeauty.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password