အရည်အသွေးကောင်းတဲ့မိတ်ကပ်ဆိုရင်တော့ ALMAY ရဲ့ ဒီ Best Blend Forever Makeup လေးရှိတယ်နော်!!!

ဒီတစ်ခေါက် Cosmetic Myanmar ပရိသတ်ပျိုမေတို့အတွက် ပြောပြပေးဖို့ရွေးချယ်ထားတဲ့ Cosmetic လေးကတော့ ALMAY အမှတ်တံဆိပ်ကနေ ထုတ်လုပ်ထားတဲ့ Best Blend Forever Makeup လေးပဲဖြစ်ပါတယ်။ မိတ်ကပ်ဆိုရင် အရည်အသွေးကောင်းမှသာ ကိုယ့်ရဲ့မျက်နှာလေးပေါ်မှာ ကွက်တာမျိုး၊ အသားအရေနဲ့မလိုက်ဖက်တာမျိုးတွေ မဖြစ်စေမှာပါ။ ဒါကြောင့် အရည်အသွေးကောင်းတာကိုမှ အသုံးပြုချင်တဲ့ ပျိုမေတို့အတွက် ALMAY ရဲ့ ဒီ Best Blend Forever Makeup ကို ပြောပြပေးဖို့ ရွေးချယ်လိုက်ပါတယ်။

အရင်ဆုံး ဒီ ALMAY Best Blend Forever Makeup ရဲ့ ထုပ်ပိုးမှုပုံစံအနေနဲ့ကတော့ tube ဘူးပုံစံလေးနဲ့ ထုတ်လုပ်ထားတာကိုတွေ့မြင်ရမှာပါ။ Creamy type အမျိုးအစားဖြစ်ပြီးတော့ လိမ်းတဲ့အခါ မျက်နှာပေါ်မှာ ထူပျစ်ပျစ်၊ ထူအမ်းအမ်းမျိုး မခံစားရစေဘဲ ပေါ့ပါးမှုအထိအတွေ့ကို ခံစားရစေမှာပဲဖြစ်ပါတယ်။ Moisturizer ဖြစ်လို့ အသားအရေအတွက် လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ဆည်းပေးတာကြောင့် အသားအရေမှာ ရေဓာတ်ခမ်းပြီး ခြောက်ကပ်ကပ်ဖြစ်နေတော့မှာမဟုတ်ပါဘူး။

ဒါတင်မကသေးဘဲ မျက်နှာပြင်ပေါ်မှာ ရှိတတ်တဲ့ ဝက်ခြံ၊ အမဲစက်၊ အရေးအကြောင်း စတာတွေကိုလည်း အလွယ်တကူနဲ့ Coverage ကောင်းကောင်းလုပ်ပေးနိုင်စွမ်းရှိပါတယ်။ SPF 40 ပါဝင်တဲ့အတွက်လည်း နေပူဒဏ်ကြောင့် အသားအရေပျက်စီးမှုကို ကာကွယ်တားဆီးပေးနိုင်ပါသေးတယ်။ ဗီတာမင်နဲ့ botanical တို့ ပါဝင်ထည့်သွင်းထုတ်လုပ်ထားလို့ အသားအရေအတွက် လိုအပ်တဲ့အာဟာရဓာတ်များကိုလည်း ဖြည့်တင်းပေးပါတယ်။ Sensitive ဖြစ်တတ်တဲ့အသားအရေပိုင်ရှင်များ အသုံးပြုဖို့ သင့်လျော်ပြီးတော့ Shade အနေနဲ့ ၁၂မျိုးထုတ်လုပ်ထားတာကြောင့် ကိုယ့်အသားအရေနဲ့လိုက်ဖက်ကိုက်ညီတဲ့ Shade ကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ကဲ ပျိုမေတို့ရေ … ဒီလို ဒီလို အကျိုးကျေးဇူးတွေ အများကြီးပါဝင်တဲ့ ALMAY Best Blend Forever Makeup ကို အသုံးပြုနိုင်ဖို့ လက်တို့လိုက်ပါတယ်နော်။

 

 

 

Image Source –www.almay.com

web.facebook.com/almay

www.instagram.com/almay/

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password