တောက်ပြောင်ပြီး ပုံကျတဲ့ ဆံသားလေးကို ခေါင်းလျှော်ပြီးပြီးချင်း ရရှိလိုပါသလား??

အားလုံးပဲ မင်္ဂလာပါရှင့်။ ဒီနေ့မှာတော့ ကိုယ့်ရဲ့ ဆံသားလေးကို ခေါင်းလျှော်ပြီးပြီးချင်း ပုံကျတောက်ပြောင်နေစေလိုတဲ့ သူတွေ အကြိုက်တွေ့စေမယ့် Garnier ရဲ့ Fructis Sleek Shot In-Shower Styler နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Product လေးဟာ Sleeking Technology ကို အခြေခံပြီး Argan Oil နဲ့ Plant Protein တို့ကို အဓိကထား ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဆံသား အရင်းမှ အဖျားတိုင်အောင် အာဟာရဖြည့်ပေးပြီး တောက်ပြောင်တဲ့ ဆံသားကို တခဏအတွင်း ဖန်တီးပေးနိုင်ပါတယ်။

  

အသုံးပြုတဲ့အခါ ပုံမှန် အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ အချိုးအစား ညီမျှစွာ ရောနှောပြီး လျှော်ပေးရပါမယ်။ ပြီးနောက်မှာတော့ ပုံမှန် အသုံးပြုနေကျ Conditioner တမျိုးမျိုးကို အသုံးပြုပြီး Dryer နဲ့ အခြောက်ခံလိုက်ရုံပါပဲ။ အပူခံ Coat လိမ်းစရာမလိုလောက်အောင် ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ အကယ်၍ Coating လုပ်ပြီးမှ Dryer အသုံးပြုလို့လည်း ရပါတယ်။

ပြီးနောက်မှာတော့ ဆံသားကို အပူနဲ့ ပုံသွင်းစရာမလိုလောက်အောင် ပုံကျလှပတာကို တွေ့မြင်ရမှာပါ ဖြစ်ပါတယ်။ ၂၄ နာရီတိုင်တိုင် ပုံမပျက်ပဲလှပစေတဲ့အပြင် ဆံသားနှစ်ခွဖြစ်ခြင်းတို့ကိုလည်း သက်သာစေနိုင်ပါသေးတယ်နော်။ ဆံသားပျက်စီးမှုကို လျော့ကျစေပြီး ကျန်းမာသန်စွမ်းစေတာကြောင့် ဆံသားပုံသွင်းခြင်းကို နှစ်သက်တဲ့ Beauties တွေ အသုံးပြုသင့်တဲ့ Product လေးဆိုလည်း မမှားပါဘူး။

အရေအသွေးကောင်းပြီး လူကြိုက်များတဲ့ ဒီ Product လေးကို ဈေးနှုန်းအားဖြင့် 7 $ ဖြင့် ရောင်းချပေးလျက်ရှိပြီး  ဝယ်ယူရရှိလိုပါက Scarlet Cosmetic Online တို့မှာ မှာယူရရှိနိုင်ပါတယ်။

Reference : https://www.garnierusa.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password