အလုပ်ရှုပ်သက်သာပြီး အလွယ်တကူ ပေါင်းတင်နိုင်မယ့် JET LAG Mask!

ခေတ်နဲ့အညီလှုပ်ရှားသွားလာနေရတဲ့ အချိန်အခါမျိုးမှာ ပျိုမေတို့အနေနဲ့ Spa သွားပြီး အသားအရေပြန်လည်ထိန်းသိမ်းဖို့ဆိုတာ တော်တော်စဉ်းစားရမယ့် အခြေအနေမျိုးမှာ ပါဝင်လာပါပြီ။ ဒီတော့ အရမ်းကြီး ဂရုစိုက်စရာမလိုဘဲ လွယ်ကူရိုးရှင်းစွာနဲ့ အသားအရေကို ပြန်လည်ထိန်းသိမ်းပေးနိုင်မယ့် Summer Fridays ရဲ့ New Product ဖြစ်တဲ့ Jet Lag Mask လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Mask လေးကို အသားအရေမွဲခြောက်ခြင်းတွေမှ ကင်းဝေးစေနိုင်ဖို့ရန်အတွက် Chestnut Extract, Antioxidant ပါဝင်ပြီး ကြည်လင်စိုပြေတဲ့အသားအရေကို ဖန်တီးပေးနိုင်မယ့် ဗီတာမင် စီ, ချွေးပေါက်နဲ့ အရေးအကြောင်းတွေကို သက်သာစေနိုင်မယ့် ဗီတာမင် ဘီ ၃ နဲ့ နီကိုတင်းနစ်အက်ဆစ်, အသားအရေကိုတဖန်ပြန်လည်လန်းဆန်းလာစေမဲ့ Green Tea တို့ပါဝင်ပါတယ်။

ဒီတော့ ဘယ်လိုပဲ အိပ်ချိန်မမှန်ခြင်းကြောင့် အသားအရေ ပြဿနာပေါ်လာလာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးပြီး မျက်နှာအသားအရေအတွင်းရှိ ဆဲလ်တွေကို ပြန်လည်အားပြန်ဖြည့်ပေးတာကြောင့် အသုံးပြုပြုပြီးချင်း အသစ်တဖန်မွေးဖွားလာတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်စေမှာအမှန်ပါပဲ။ အသုံးပြုတဲ့အခါ မျက်နှာသန့်ရှင်းပြီး ရေကင်းစင်တဲ့ အသားအရေပေါ်မှာ လက်ချောင်းထိပ်လေးတွေအသုံးပြုပြီး ပါးပါးလေးမျက်နှာအနှံ့လူးပေးပါ။ ၁၀ မိနစ်ခန့်အကြာမှာ ရေနွေးစွတ်ထားတဲ့အဝတ် ဒါမှမဟုတ် တစ်ရှူးကိုအသုံးပြုပြီးမျက်နှာအနှံ့သုတ်လိုက်ပါ။ ရေကိုအသုံးပြုပြီး သန့်ရှင်းခြင်းမျိုးထပ်မံပြုလုပ်ဖို့ရန်မလိုပါဘူး။ စတင်အသုံးပြုပြီးနောက်မှာ သိသိသာသာပဲ Make up လိမ်းတဲ့အခါမှာဖြစ်စေ၊ Skin care အသုံးပြုတဲ့အခါမျိုးမှာဖြစ်စေ လိမ်းရလွယ်ကူပြီး ကျန်းမာသန်စွမ်းလာတဲ့ အသားအရေကိုလက်တွေ့ခံစားစေမှာပါ။ အသားအရေကိုထိခိုက်ပျက်စီးစေမဲ့ ပါဝင်ပစ္စည်းမျိုးမပါဝင်ကြောင်းအာမခံထုတ်လုပ်ထားတာကြောင့် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

 

 

 

 

Image Source: summerfridays.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password